အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စလင်းစစ်ဆေးရေးဂိတ် ပေါက်ကွဲမှုမှ ဒဏ်ရာရရဲ  ၂ဦး သေဆုံး

မကွေးတိုင်း စလင်းမြို့အဝင်  စစ်ဆေးရေးဂိတ်ပေါက်ကွဲမှုတွင် ဒဏ်ရာရခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ဦး သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ် ၁၇ ရက်နေ့က စလင်း – မင်းဘူးလမ်းပိုင်း စလင်းမြို့ တောင်ဘက် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် ရဲ ၇ ဦး ရှိနေစဉ် ပေါက်ကွဲမှုဖြစ်ကာ  ၁ ဦး ပွဲချင်းပြီး သေဆုံး၊  ၂ ဦး ဒဏ်ရာပြင်းထန်စွာရသွားသည်။

“အဲဒီမှာ ကျန်တဲ့နှစ်ဦးကလည်း ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့အချိန်မှာပဲ သေသွားတာ။ ဆုံးတာက တစ်နေ့ကဆိုတော့ ဖြစ်ပြီးနောက်တစ်နေ့(သြဂုတ် ၁၈)ဆုံးတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်အပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူတချို့ကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း အခြား​ဒေသခံတစ်ဦးက ​ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မြို့ပေါ်မှာ ပိုက်စိပ်တိုက်ပြီးရှာတယ်။ ရှာတော့ စျေးနားက ကလေးတစ်ယောက်က သူတို့မိသားစု ကျန်းမာရေးအတွက် အောက်ဆီဂျင်လာရှာတာ။ လာရှာတော့ ကလေးဖုန်းကို ကောက်စစ်လိုက်တော့ နွေဦးတော်လှန်ရေးဆိုတဲ့ လိုဂိုတွေတွေ့တော့ သူ့ကို ဆွဲဖမ်းသွားတာ။ ဖမ်းသွားပြီးနောက်တစ်နေ့မှာ ပြန်လွှတ်ပေးလိုက်တာ” ဟု ၎င်းကပြောသည်။

အဆိုပါစစ်ဆေးရေးဂိတ် ဖောက်ခွဲတိုက်ခိုက်သည်ဟု ယူဆရသူကို ဖမ်းမမိသေးသကဲ့သို့ မည်သည့်အဖွဲ့ကမှလည်း ၎င်းတို့လက်ချက်ဟု ထုတ်ပြန်ခြင်းမရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။

စလင်းတွင် အခြားမြို့နယ်များနည်းတူ အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတော်လှန်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဖွဲ့စည်းထားပြီး၊ ခုခံတိုက်ခိုက်မှုများ မကြာခဏပြုလုပ်​နေသည်။

စစ်ကောင်စီတပ်က အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို အကြမ်းဖက်နှိမ်နင်းသဖြင့် သေဆုံးရသည့် အရပ်သား ၁၀၀၀ ကျော်သွားပြီ ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button