အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်းနယ်စပ်စစ်ရေးပြမှု ပုံမှန်ဆောင်ရွက်နေကျအစီအစဉ်ဟု UWSA  တုံ့ပြန်

ထိုင်းနယ်စပ် ရွှေတူးဖော်မှုကြောင့် မြစ်ရေ ညစ်ညမ်းသည့်ကိစ္စ၊ ဒေသတွင်း မူယစ်ဆေးပြဿနာတို့နှင့် ပတ်သက်ပြီး ထိုင်းက ဖိအားပေးနေချိန်တွင် UWSA ၏ စစ်ရေးပြ လှုပ်ရှားမှု ပေါ်ပေါက်လာသည်။

UWSA  “၀”တပ်ဖွဲ့က ထိုင်း-မြန်မာနယ်စပ်ရှိ ၎င်း၏ ၁၇၁ စစ်ဒေသအတွင်း  တပ်ဖွဲ့ဝင်အင်အား တစ်ထောင်ကျော်ဖြင့် စစ်ရေးပြ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သည်။

လက်နက်အပြည့်အစုံဖြင့် စစ်ရေးပြသည့် အဆိုပါအခမ်းအနား ရုပ်သံကို ၎င်း၏ သတင်းဌာနဖြစ်သည့် WSTV က မေလ နောက်ဆုံးအပတ်တွင် ဖော်ပြခဲ့သည်။

အခမ်းအနားသို့ UWSA ဗဟိုအမြဲတမ်းကော် မတီအဖွဲ့ဝင် ဦးကျောက်ကော်အမ်းနှင့် ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ကြသည်ကိုတွေ့ရသည်။

ထိုင်းနယ်စပ် မြစ်ချောင်းများအနီး  UWSA  တပ်ဖွဲ့၏ ရွှေတူးဖော်မှုကြောင့် မြစ်ရေ ညစ်ညမ်းသည့်ကိစ္စ၊  နယ်စပ်ဒေသအတွင်း မူယစ်ဆေးထုတ်လုပ်မှု ကိစ္စများနှင့် ပတ်သက်ပြီးဖြေရှင်းရန်  ထိုင်းနိုင်ငံဘက်က ဖိအားပေးနေချိန်တွင်  စစ်ရေးပြ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“၀” တပ်ဖွဲ့ပြင်ပဆက်ဆံရေး တာဝန်ရှိသူ ဦးညီရမ်းကမူ အဆိုပါ စစ်ရေးပြမှုမှာ လုပ်ရိုးလုပ်စဉ် ဖြစ်သည်ဟု ဆိုသည်။

“ဒါက ပုံမှန် လုပ်နေကြပါ၊ ပုံမှန်လုပ်နေကြပါပဲ” ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ ဟွေအော်နှင့် ပုံပါကျင်း ဒေသရှိ မြို့နယ်များအား  “ဝ” တောင်ပိုင်း ၁၇၁ စစ်ဒေသအဖြစ်  UWSA က သတ်မှတ်ထားသည်။

အဆိုပါဒေသများတွင် UWSA က တပ်ဖွဲ့ဝင်များ ပုံမှန်စုဆောင်းလေ့ရှိပြီး စစ်ရေးပြ အခမ်း အနားများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

ဧပြီလ ၃ ရက်နေ့က ၁၇၁ စစ်ဒေသ  တပ်မဟာ – ၇၇၈ အတွင်း အရာရှိ အင်အား ၂၀၀ ကျော် ပါဝင်သည့် စစ်သင်တန်းဆင်း အခမ်းအနား  ပြုလုပ်ခဲ့ကြောင်း  သတင်းဌာနတချို့က ဖော်ပြသည်။

တရုတ်နယ်စပ် အခြေစိုက် UWSA  တပ်ဖွဲ့သည် မြန်မာနိုင်ငံ ရှိ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး  ရှမ်းပြည် အရှေ့ပိုင်း ထိုင်းနယ်စပ် အထိ သူ့၏ စစ်တပ်အင်အားကို ဖြန့်ခွဲချထားသည်။

ကာရှည်ကြာ နယ်မြေအငြင်းပွားမှု ပြဿနာများရှိနေသည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်နယ်စပ်အထိ   တပ်စခန်း များ ဖြန့်ကျက်ထားသည်၊  ထိုင်းနိုင်ငံကလည်း အဆိုပါတပ်စခန်းများ ပြန်ဆုတ် ပေးရန် မကြာ ခဏ တောင်းဆိုလေ့ရှိသည်။

“၀” ဒေသ တောင်ပိုင်း ၁၇၁ စစ်ဒေသ  စစ်ရေးပြ အစီအစဉ် မြင်ကွင်းတစ်ခု။  
“၀” ဒေသ တောင်ပိုင်း ၁၇၁ စစ်ဒေသ  စစ်ရေးပြ အစီအစဉ် မြင်ကွင်းတစ်ခု။  

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles