အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပဲခူးတွင်လမ်းသွားလမ်းလာများကို စစ်တပ်ကဖမ်းကာစစ်သင်တန်းပို့

ပန်းတောင်းမြို့၊ ဥသျှစ်ပင်မြို့လမ်းဆုံတွင် စခန်းချထားသည့်စစ်ကောင်စီ၏လုံခြုံရေးကင်းစခန်းသည် လမ်းသွားလမ်းလာ လူငယ် ၂၅ ဦးထက်မနည်းကိုဖမ်းဆီးပြီး ပန်းတောင်းမြို့အမြှောက်တပ်ထဲသို့ ပို့ဆောင်ခဲ့သည်ဟုပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် လှုပ်ရှားနေသည့် မြေပြင်တော်လှန်ရေး တပ်ဖွဲ့တစ်ခုကပြောသည်။

ပဲခူးတိုင်းအတွင်း လမ်းသွားလမ်းလာလူငယ်အမျိုးသားများကို စစ်ကောင်စီကဖမ်းဆီးနေပြီး တပ်သားသစ်အဖြစ်  အတင်းအကျပ်စုဆောင်းနေကြောင်း ဒေသခံများနှင့် မြေပြင်တော်လှန်ရေး အဖွဲ့များက ပြောသည်။

ပန်းတောင်းမြို့၊ ဥသျှစ်ပင်မြို့လမ်းဆုံတွင် စခန်းချထားသည့်စစ်ကောင်စီ၏လုံခြုံရေးကင်းစခန်းသည် လမ်းသွားလမ်းလာ လူငယ် ၂၅ ဦးထက်မနည်းကိုဖမ်းဆီးပြီး ပန်းတောင်းမြို့အမြှောက်တပ်ထဲသို့ ပို့ဆောင်ခဲ့သည်ဟုပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် လှုပ်ရှားနေသည့် မြေပြင်တော်လှန်ရေး တပ်ဖွဲ့တစ်ခုကပြောသည်။

ဖမ်းဆီးခံရသူများအနက် အသက် ၁၈ နှစ်နှင့်အောက်လူငယ်များကို တပ်သားသစ်အဖြစ် စစ်သင်တန်းတက်ခိုင်းရန် ပြင်ဆင်နေပြီး အသက် ၁၈ နှစ်မပြည့်သေးသူများအား ပိုက်ဆံသိန်းချီတောင်းကာ မိဘများကို ပြန်ရွေးခိုင်းနေသည်ဟုလည်း ထိုအဖွဲ့ကဆိုသည်။

“ခုက ဆိုင်ကယ်စစ်၊ ဖုန်းစစ်ရင်းနဲ့ ဖမ်းတယ်ဆိုလို့ အပြင်သွားရင် ဖုန်းမယူတာ ကယ်ရီနဲ့ သွားနေရတာအကျင့်ဖြစ်နေပြီ” ဟု ဒေသတွင်းအခြေအနေကို ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်၏အဆိုပါအဖမ်းအဆီးသည်ယခုလအတွင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ်(၇) အတွက် သင်တန်းသားကြိုတင်စုဆောင်းခြင်းနှင့် စစ်ကောင်စီတပ်ဖွဲ့များ၏ ငွေရလိုမှုအတွက်လည်း ဖြစ်ကြောင်းဒေသခံများက ယူဆနေသည်။

ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများထံ စစ်မှုထမ်းရန်အတွက်  လူအင်အား ၆၀ကျော်တောင်းခံထားပြီး ထိုအင်အား မရရှိပါက ဖမ်းဆီးပေါ်တာဆွဲခြင်းများဖြင့် စစ်မှုထမ်းအင်အား စုဆောင်းလာနိုင်ကြောင်း ပြည်ဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့ စစ်မှုထမ်းအတွက် ဒေသခံများကို ဖမ်းဆီးပေါ်တာဆွဲခြင်းနှင့် ငွေကြေးတောင်းခံသည့် အုပ်ချုပ်ရေးမှုးများသည်။ တော်လှန်ရေးတပ်များ၏ ပစ်မှတ်ထားပြီးတိုက်ခိုက်ခံနေရသည်။

နိုဝင်ဘာ ၁၃ရက်နေ့က ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်းမွန်းခြံအုပ်စု၊ ဒွကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးသန်းအောင်သည် စစ်မှုထမ်းအတွက် ဒေသခံများကို ဖမ်းဆီးပေါ်တာဆွဲခြင်းနှင့် ငွေကြေးတောင်းခံ၍ တော်လှန်ရေး ထောက်ပို့ရဲဘော်များကို စုံစမ်း၍ သတင်းပေးခြင်းများပြုလုပ်၍ နေအိမ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ပြောသည်။

ပဲခူးတိုင်း အရှေ့ဘက်ခြမ်းရှိ တောင်ငူ၊ ရေတာရှည်၊ ဝေါမြို့နယ်တွင်လည်း စစ်မှုထမ်းအတွက် ညအချိန်နှင့် လူပြတ်လပ်နေရာများကို ဒေသခံများကို ဖမ်းဆီးခြင်းများကို ကြုံတွေ့နေကြရသည်။

“စစ်တောင်းမြစ်နားမှာ ငါးဖမ်းတဲ့ အမျိုးသားအဖမ်းခံရတာ၊ ဘာအတွက် အဖမ်းခံရလဲမသိဘူး။ အိမ်ကအုပ်ချုပ်ရေးမှူးဆီမေးတော့ အပြစ်ရှိလို့ ဖမ်းတာနေမှာဆိုပြီး ပြောတယ်၊ ခုဆို ငါးဖမ်းမထွက်ရဲကြတော့ဘူး” ဝေါမြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။

နိုဝင်ဘာ လဆန်းထဲတွင် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ လူငယ် ၂၀၀ကျော် ဖမ်းဆီးခံလိုက်ရကြောင်း စစ်သားသစ်စုဆောင်းမှုဖြစ်ရပ်များကို စုံစမ်းဖော်ပြနေသည့် Voice Of Mandalay( Vomdy) မြေပြင်ကင်းထောက်အဖွဲ့က Myanmar Now ကို ပြောကြားထားသည်။

စစ်မှုထမ်းရန် စုဆောင်းခံထားရသူများသည် တယ်လီဖုန်း အသုံးပြုခွင့် ပိတ်ပင်ခံထားရသည့်အတွက် မိသားစုများနှင့်လည်း အဆက်အသွယ်ပြတ်လေ့ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button