အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကိုယ်တွေ့ကြုံခဲ့သူပြောပြတဲ့ ဘန်ကောက်စစ်ရှောင်စခန်း ကမ္ဘာ့ပျက်တဲ့ည

အမျိုးသမီးနှင့် သက်ကြီးရွယ်အို အများစု ခိုလှုံနေထိုင်သည့် ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းကို ပြီးခဲ့သည့် ကြာသာပပေးနေ့ညပိုင်းက ဗုံးကြဲခံရမှုကြောင့် စစ်ဘေးရှောင်ပြည်သူ ကိုးဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ သေဆုံးသူ ကိုးဦးအနက် ခြောက်ဦးမှာ တစ်မိသားစုထဲဖြစ်ပြီး၊ ၎င်းတို့မှာ မုဆိုးမမိခင်နှင့် သားသမီးငါးဦးတို့ ဖြစ်ကြသည်။ ‘ဘန်ကောက်’ ဟု အမည်ရသည့် အထက်ပါ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၆၀၀ ကျော် နေထိုင်ကြပြီး၊ ၎င်းတို့အတွက် ပြန်လည်ထူထောင်ရေးနှင့် နေထိုင်စားသောက်ရေး အခက်အခဲများစွာ ရှိနေသည်။ အာဏာသိမ်း စစ်တပ်သည် ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်လာသည်။ ရိုက်ကူး၊ တင်ဆက် – မြတ်မိုးသူ

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button