အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

၂၀၂၄ နှစ်စမှာပင် လေယာဉ်၊ ရဟတ်ယာဉ် ၃ စင်း ဆုံးရှုံးခဲ့သည့် စစ်ကောင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာရွာအနီးတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို ဇန်နဝါရီ ၁၆ ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ခတ်နိုင်ခဲ့သည်။ ပျက်ကျသွားသည့် တရုတ်နိုင်ငံထုတ် FTC 2000G အမျိုးအစား တိုက်လေယာဉ်ကို KIA က အများပြည်သူ လာရောက်ကြည့်ရှုခွင့်ပြုထားသည်။ ယခုနှစ် ဇန်နဝါရီတစ်လအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ပစ်ချနိုင်ခဲ့သည့် လေယာဉ်၊ ရဟတ်ယာဉ် ၃ စင်းအထိ ရှိလာသည်။ ဇန်နဝါရီ ၃ ရက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း MI-17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်၊ ဇန်နဝါရီ ၁၆ က ရှမ်းမြောက်တွင် FTC 2000 G တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က ပစ်ချခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၂၉ က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း Eurocopter AS 365 Dauphin အမျိုးအစား သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ကို KNLA/PDD ပူးပေါင်းတပ်ဖြစ်သည့် ကော်ဘရာစစ်ကြောင်းက ပစ်ချနိုင်ခဲ့သည်။ လေယာဉ်၊ ရဟတ်ယာဉ်များ ဆုံးရှုံးရမှုကို စစ်ကောင်စီဘက်က နှုတ်ဆိတ်နေဆဲ ဖြစ်သည်။ ရိုက်ကူး၊ တည်းဖြတ် – မြတ်ပန်း၊ ဟန်သစ်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles