အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မြို့ပေါ်လေးရပ်ကွက်ထဲ ရွေးကောက်ပွဲကျင်းပမည့်အပေါ် တောင်ကုတ်အမတ်လောင်းတွေ ဘာပြောလဲ

တောင်ကုတ်မြို့နယ်တွင် ရပ်ကွက် ၁၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၂ အုပ်စု ရှိပြီး မဲဆန္ဒရှင် ၁ သိန်း ၁ သောင်းကျော်ရှိသော်လည်း မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်မှ လူဦးရေ ၂၄၀၀၀ ကျော်သာ မဲပေးခွင့်ရမည် ဖြစ်သောကြောင့် မျှတပြီး အများပြည်သူကို ကိုယ်စားပြုသည့်ရွေးကောက်ပွဲ ဖြစ်နိုင်ခြေနည်းပါးသွားလိမ့်မည်ဟု တောင်ကုတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ဆိုကြသည်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲများဖြစ်ပွားနေသည့်ရခိုင်ပြည်နယ် ၏ မြို့နယ် ၉ ခုနှင့် တောင်ကုတ်မြို့နယ်အပါအဝင် အခြားမြို့နယ် လေးမြို့နယ်၏ ရပ်ကွက်အချို့နှင့် ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲမကျင်းပနိုင်တော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

သတင်းနှင့်ရိုက်ကူး – စိုးဇံအောင်၊ ဇေယျာမော်/Myanmar Now

[youtube https://youtu.be/TFY7TSh2Zso]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles