အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မွန်ပြည်နယ် ကျိုက်မရောတွင် တိုက်ပွဲဆက်ဖြစ်နေ

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်ရှိ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရွာအနီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ တိုက်ပွဲများ ဆက်ဖြစ်နေသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်ရှိ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရွာအနီးတွင် ယနေ့ (နိုဝင်ဘာ ၁၄) တွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်ဖြစ်နေသည်ဟု သိရသည်။

ချောင်းနှစ်ခွရွာအနီးရှိ တံတားအစောင့်ဂိတ်စခန်းကို သိမ်းထားပြီဖြစ်ကာ ရဲစခန်းကို ဆက်လက်တိုက်ခိုက်နေသည်ဟု KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရဲစခန်းကိုတော့ မသိမ်းနိုင်ဘူး။ တိုက်ပွဲက ဆက်လက်ဖြစ်နေဆဲပါ။ တံတားအစောင့်ဂိတ်စခန်းကိုတော့ သိမ်းထားနိုင်ပါပြီ” 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ကို ချိတ်ဆက်ထားသည့် အတ္ထရံမြစ်ကူး ချောင်းနှစ်ခွတံတားအနီးတွင် ယခုလ ၁၀ ရက်နေ့ကတည်းက တိုက်ပွဲစတင်ခဲ့ခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လက်ရှိတွင် ချောင်းနှစ်ခွ ရဲစခန်းမကျစေရန် စစ်တပ်က လေကြောင်းပစ်ကူ အသုံးပြုပြီး ကာကွယ်နေကြောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မော်လမြိုင်မြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးသဖြင့် စစ်ကူ အလွယ်တကူ ရောက်လာနိုင်သည်ဟုလည်း KNU တာဝန်ရှိသူက ဆိုသည်။

“လေယာဉ်က တအားလာပစ်တာပေါ့၊ ​ရှေ့တန်းတပ်မှူးက အပြောအရ Mi 35 ရော ဂျက်ဖိုက်တာရော လာပစ်တာ”

တိုက်ပွဲတွင် KNU နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့များ ပူးပေါင်း ပါဝင်နေပြီး ချောင်းနှစ်ခွရဲစခန်း၌ စစ်တပ်နှင့် ရဲအင်အား ၆၀ ခန့် နေရာယူ တပ်စွဲထားကာ ယနေ့ မွန်းလွဲပိုင်းအထိ ခုခံတိုက်နေသည်ဟု သိရသည်။

ယမန်နေ့တွင် ချောင်းနှစ်ခွတိုက်ပွဲကို စစ်ကူလိုက်လာသည့် တပ်မ ၂၂ လက်အောက်ခံစစ်ကြောင်းကို တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၁၄ ဦး သေဆုံးပြီး ၂၃ ဦး လက်နက်ချ အညံ့ခံသည်ဟု NUG က ထုတ်ပြန်သည်။

ထို့ပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၅ ဦးကို အရှင်ဖမ်းမိပြီး နောက်ထပ် အရာရှိ ၁ ဦး အပါအဝင် ၈ ဦး ပျောက်ဆုံးနေသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွတံတား တိုက်ပွဲအပါအဝင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

တိုက်ပွဲများဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရွာ ဒေသပြမြေပုံ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button