အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်တော်မြို့နယ်တွင် တပ်နှင့် AA ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ကုလာတန်မြစ်အတွင်း လုခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ရေယာဉ်ကို ယမန်နေ့ (ဩဂုတ် ၁၁) နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ 

ဒဏ်ရာရရှိသွားသည့် အမျိုးသမီးမှာ ကျောက်တော်မြို့နယ် ခပေါ်ကျေးရွာမှ အသက် ၄၄ နှစ်အရွယ် မြိုတိုင်းရင်းသူ ဒေါ်မသန်းရီဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ကျောက်တော်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ခပေါ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပန်းသာက Myanmar Now ကို ပြောသည်။

“သူက အိမ်ကို ဝက်တစ်ကောင်ဝင်လာလို့ လိုက်ထုတ်နေတာ။ လိုက်ထုတ်နေတဲ့အချိန်မှာ သူ့အိမ်နဲ့ သုံးပေလေးပေလောက်အကွာမှာ လက်နက်ကြီးကျည်တစ်လုံးကျကွဲတယ်။ ကွဲတဲ့နေရာနဲ့ သူနဲ့ဆိုရင် ပေ ၂၀ အကွာအဝေး ရှိတယ်။ ကျည်စက ညာဘက်လက်မောင်းမှာတစ်ချက်။ ညာဘက်နောက်ကျောကို တစ်ချက်ထိသွားတယ်” ဟု ဦးပန်းသာက ပြောသည်။

လက်နက်ကြီးကျည်များ ထပ်မံကျရောက်ပေါက်ကွဲမည်ကို  စိုးရိမ်းကြောက်လန့်နေကြသည်ဟုလည်း ၎င်းက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကျောက်တော်မှ ချင်းပြည်နယ် ပလက်ဝအသွား ကုလားတန်မြစ်ကြောင်းတစ်နေရာဖြစ်သည့် မာလာကျေးရွာအုပ်စု သံပုရာထောင့်ကျေးရွာအောက်ဘက်တွင် တပ်မတော်စစ်ရေယာဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မာလာကျေးရွာသားတစ်ဦးကပြောသည်။

“စစ်‌ရေယာဉ်စက်ခန်းထဲက မီးခိုးထွက်ပြီးပါသွားတယ်။ လူတချို့လည်း ကျည်မှန်တယ်ဆိုပြီးတော့ လူတွေက ကောလာဟလသတင်းထွက်နေပါတယ်။ ကျနော်ကတော့ အတိအကျမသိဘူး” ဟု ထိုမာလာကျေးရွာသားက ပြောသည်။

နယ်မြေလုံခြုံရေးဆောင်ရွက်ရန် ကုလားတန်မြစ်ကြောင်းအတိုင်း မောင်းနှင်လာသည့် တပ်မတော်စစ်ရေယာဉ်များသည် တင်းမကျေးရွာ၏ တောင်ဘက် မီတာ ၃၁၀၀ ခန့်အကွာသို့ အရောက်တွင် ရက္ခိုင့်တပ်တော်(AA) အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့၍ တပ်မတော်စစ်ရေယာဉ် အနည်းငယ်ပျက်စီးသွားပြီး စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု တပ်မတော်က သြဂုတ်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles