အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရပ်တည်ရေး ခက်ခဲလာသဖြင့် နိုင်ငံသားများ ပြည်ပသို့ အလုံးအရင်းထွက်ခွာနေကြောင်း စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဝန်ခံ

အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှု၊ ဘဝရပ်တည်ရန် ခက်ခဲသည့် အခြေအနေများကြောင့် ပြည်ပနိုင်ငံများသို့ နည်းမျိုးစုံဖြင့် ပြည်သူများ ထွက်ခွာနေကြောင်း စစ်ကောင်စီပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် လပိုင်းကမှ ရာထူးတိုးလာသည့် စကစ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်က စက်တင်ဘာ ၁၃ ထုတ် စစ်ကောင်စီအာဘော်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်သည့် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့သဝဏ်လွှာတွင် အထက်ပါအတိုင်း ရေးသားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ပြောသကဲ့သို့ပင် စစ်တပ်က အာဏာသိမ်းပြီးနောက် တက်သစ်စ မြန်မာ့စီးပွားရေး ပြိုလဲခဲ့ပြီး စားဝတ်နေရေးအကျပ်အတည်းကြောင့် နိုင်ငံတွင်းမှ ထွက်ခွာလိုသူ များပြားခဲ့ရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကိုပင် စစ်ကောင်စီက တင်းကျပ်ခဲ့ရသည်။

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ၏ ပြီးခဲ့သည့်နှစ်အတွင်းက တွက်ချက်မှုအရ အာဏာသိမ်းပြီး နောက်ပိုင်းတွင် လစဉ် မြန်မာနိုင်ငံသား ၄ သောင်းခန့် ပြည်ပသို့ ရရာနည်းဖြင့် ထွက်ခွာနေသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပဋိပက္ခများ၊ စီးပွားရေးပြဿနာများကြောင့် မြန်မာနိုင်ငံကို စွန့်ခွာခဲ့ရသူများထဲမှ အများစုသည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ဦးတည်သွားလာနေကြပြီး ပြဿနာများ ပြေလည်မှုမရပါက ၂၀၂၃ တွင် တိုင်းပြည်ထဲမှ ထွက်ခွာမည့်သူ ပိုမိုများပြားနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

လတ်တလောတွင် ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်ကျော် ပိတ်ထားသည့် မူဆယ်နယ်စပ်ဂိတ်များမှတစ်ဆင့် မှတ်ပုံတင်ရှိသူ မြန်မာနိုင်ငံသားများကို တရုတ်ဘက်သို့ ၆ ညအိပ် ၇ ရက် သက်တမ်းကတ်ဖြင့် စက်တင်ဘာ ၄ ရက်နေ့မှ စတင်ပြီး ပြန်လည်ဝင်ခွင့်ပြုခဲ့ရာ ရာထောင်ချီသည့် မြန်မာနိုင်ငံသားများ တရုတ်ဘက်သို့ သွားခွင့်ရရန် ညအိပ်ညနေ စောင့်နေကြသည်။

တရုတ်ဘက်သို့ ၆ ညအိပ် ၇ ရက် သက်တမ်းကတ်ဖြင့် ဝင်ခွင့်ရရန် စောင့်နေကြသည့် လူအုပ်ကြီးကို စက်တင်ဘာ ၅ ရက်နေ့က ရိုက်ကူးထားသည့် ဖုန်းရုပ်သံမှတ်တမ်းတစ်ခုမှ Screenshot

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်ပသို့ ထွက်ခွာလိုသူ များပြားနေပြီး နိုင်ငံကူးလက်မှတ်ရရှိရန် ကြန့်ကြာမှုများ ရှိနေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် ပြီးခဲ့သည့်နှစ်အတွင်းက နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင်လည်း ထည့်သွင်းပြောကြားထားသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံခြားထွက် အလုပ်လုပ်လိုသူ တစ်ဟုန်ထိုးတိုးလာသည့်အတွက် ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းအရေအတွက် ရာနှင့်ချီ တိုးလာနေကြောင်း စစ်ကောင်စီ၏ အာဘော်သတင်းများကို ထပ်ဆင့်ဖော်ပြလေ့ရှိသည့် Yangon Media Group က ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ရေးသားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button