အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူငယ်ဖွံ့ဖြိုးရေးမဟာဗျူဟာတွင် ကဏ္ဍငါးခု ထည့်သွင်းရေးဆွဲနေပြီး နှစ်ကုန်ပိုင်းအပြီးသတ်မည်မှန်း

မြန်မာနိုင်ငံ၏လူငယ်မူဝါဒဖော်ဆောင်ရန်အတွက် လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ကာ အကောင်အထည် ဖော်မည့် မဟာဗျူဟာအကြမ်းတွင် ရန်ကုန်တိုင်းအတွက် ကဏ္ဍငါးရပ်ကို အဓိကထား ရေးဆွဲနေသည်ဟု ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကော်မတီဝင်တစ်ဦးက ပြောသည်။

ဦးစားပေးဖော်ဆောင်မည့် ကဏ္ဍငါးခုမှာ ပညာရေး၊ မူးယစ်ဆေးနှင့် အခြားသောဘေးဖြစ်စေတတ်သည့် အန္တရာယ်များ၊ အလုပ်အကိုင်အခွင့်အလမ်း၊ ငြိမ်းချမ်းရေး/ဘဝလုံခြုံရေးနှင့် သုသေသနတို့ ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ပြည်ထောင်စုကိုယ်စားလှယ် ကိုထက်ပိုင်စိုးက Myanmar Now ကို ယမန်နေ့က ပြောသည်။

နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ယင်း မဟာဗျူဟာအကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအကြိုညှိုနှိုင်း ဆွေးနွေးပွဲတွင် ပြောခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းတွင် ပြဋ္ဌာန်းခဲ့သည့် လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော်ရန် ပြည်ထောင်စု အဆင့်၊ တိုင်းနှင့် ပြည်နယ် အသီးသီးအဆင့်တွင် အစိုးရအသိအမှတ်ပြု တရားဝင်လူငယ်ကော်မတီများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဖွဲ့စည်းခဲ့ပြီး ကော်မတီတစ်ခုစီတွင် လူငယ် ၆၀ ရာခိုင်နှုန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၄၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ အဖွဲ့ဝင် ၂၅ ဦးစီ ရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ မြန်မာနိုင်ငံသားများကို လူငယ်ဟု အဓိပ္ပာယ် သတ်မှတ်ထားသည်။ တစ်နည်းအားဖြင့်ဆိုသော် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းရလဒ် အရ မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံမှာ လူငယ်များဖြစ်သည်။

လူငယ်ရေးရာမဟာဗျူဟာကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်ရေးဆွဲနိုင်မည်ဟု လူငယ်များနှင့် တာဝန်ရှိသူများကခန့်မှန်းထားသည်။

ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများသည် လူငယ်ဖွံ့ဖြိုးမှု လုပ်ငန်းများ၊ အစီအစဉ် များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ လူငယ်များကိုလည်း လာရောက် ပူးပေါင်းဆောင်ရွက်ရန်လည်း ဖိတ်ခေါ်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ အဓိကအခက်အခဲက လူငယ်အချင်းချင်းမှာကိုက စုဖွဲ့မှုအား မကောင်းသေးပါဘူး။ ဒါက တကယ့်ကို ကြီးမားတဲ့အခက်အခဲပါပဲ။ ကျွန်တော်တို့ ဆောင်ရွက်ရတဲ့နေရာတွေ မှာ ငွေကြေး၊ အချိန်စသဖြင့် အကန့်အသတ်တွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ လူငယ် အရင်းအမြစ်၊ နည်းပညာဆိုင်ရာ အရင်းအမြစ်၊ ငွေကြေးဆိုင်ရာ အရင်းအမြစ်တွေ လိုပါတယ်။ ဒါကြောင့် အားလုံးပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်၊ တိုက်တွန်းပါတယ်”ဟု ကိုထက်ပိုင်စိုးက ပြောသည်။

“လူငယ်တွေ အနေနဲ့ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်တွေ လုပ်ချင်ရင် ကျွန်တော်တို့နဲ့ ချိတ်ဆက်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့က အစိုးရနဲ့ ပူးပေါင်း ပြီးတော့မှ ဆောင်ရွက်ပေးမယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း လုပ်ဆောင်ချင်တဲ့အချက်တွေရှိတာကြောင့် ကျွန်တော်တို့ကလည်း ဒီလူငယ်တွေနဲ့အတူ ပူးပေါင်းပြီးတော့ ဆောင်ရွက်ချင် ပါတယ်။ ကော်မတီက အဲလိုတွေ လုပ်ဖို့ရှိနေတဲ့ (စင်မြင့်) တစ်ခု၊ (ဆက်သွယ်ရေးလမ်းကြောင်း) တစ်ခုပါ”ဟု ၎င်းက Myanmar Now ကို ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရန် လိုသည်ဟု ယမန်နေ့က အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည်။

“အခြေခံပညာကျောင်းတွေဟာ လူငယ်တွေအတွက် သင်ယူမှုဗဟိုဌာနဖြစ်တဲ့အတွက် ဒီကျောင်းတွေမှာ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကလည်း အဓိကအခန်းကဏ္ဍဖြစ်လို့ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူ ဒေါ်သိင်္ဂီဟန် က ဆွေးနွေးခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button