အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် စစ်မှုထမ်းဟောင်းများက တပ်ကို ထောက်ခံကြောင်း ဆန္ဒပြ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တံခွန်ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တံခွန်တိုင်အဝိုင်းထိပ်တွင် ပြည်ကြီးတံခွန်မြို့နယ် စစ်မှုထမ်းဟောင်းများအဖွဲ့မှ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲတစ်ခု ယနေ့ စက်တင်ဘာလ ၁၅ရက် နံနက်၉နာရီတွင် ပြုလုပ်ခဲ့သည်။

“နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လို့ လုံးဝ မကျေနပ်လို့ ဒီလိုဆန္ဒထုတ်ဖော်ရခြင်း ဖြစ်တယ်”လို့ အဆိုပါပွဲကို ဦးဆောင်သူ ပြည်ကြီးတံခွန်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ဥက္ကဋ္ဌ ဗိုလ်မှူးဟောင်း အောင်စိုး(အငြိမ်းစား)က ပြောသည်။

“နိုင်ငံတကာမှာ ဘယ်နိုင်ငံကမှ ကိုယ့်ပြည်တွင်းရေးကို စွက်ဖက်ရင် လက်သင့်မခံဘူး အဲလိုပဲ ဦးတို့ကလည်း ဦးတို့နိုင်ငံရေး ဝင်ရောက်စွက်ဖက်တာ မကြိုက်ဘူး”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါထောက်ခံပွဲကို လူအင်အား တစ်ရာခန့်ဖြင့် ဗီနိုင်းများကိုင်ကာ အချိန်တစ်နာရီခန့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button