အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နွားထိုးကြီးတွင် မိုင်းလာရှင်းသည့်စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် မိုင်းရှင်းရန်လာသည့် စစ်တပ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ လက်လုပ်မိုင်းဖြင့် ကြားဖြတ်တိုက်ခိုက်ခြင်းခံရကြောင်း သိရသည်။

နွားထိုးကြီးမြို့အနောက်ဘက် ၉ မိုင်အကွာ မြင်းခြံ-နွားထိုးလမ်းဘေးရှိ ကန်နှောင်းရွာအနီးတွင် ယမန်နေ့ (မေ ၂၂) ခြောက်ဦးပါ ရဲကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မိုင်းရှင်းလာသည့် စစ်တပ်ကို ဒေသခံ PDF အဖွဲ့က ယနေ့ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

ယနေ့နံနက် ၈ နာရီခန့်က နွားထိုးကြီးမြို့မြောက်ဘက် ၁၂ မိုင်ခန့်အကွာရှိ ဝက်လူးရွာအနီးတွင် စစ်သားများကို လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကြောင်း နွားထိုးကြီး PDF တာဝန်ခံ ကိုတွံတေးဆိုသူက ပြောသည်။

“ကျွန်တော်တို့ ဖြတ်သွားတာကို သူတို့ဒလန်က မြင်တော့ မိုင်းထောင်လောက်တယ်လို့ သံသယဖြစ်မှာပေါ့။ မိုင်းရှင်းဖို့ တောနင်းပြီးတော့ တစ်ဖွဲ့လာတယ်။ လမ်းပေါ်က တစ်ဖွဲ့လာတယ်။ လမ်းပေါ်ကအဖွဲ့ထဲက မိုင်းကွင်းပေါ်မှာ နှစ်ယောက် တည့်တည့်ရောက်လာလို့ ဆွဲလိုက်တာ။ မိုင်းခွဲပြီး ရှောင်တဲ့အချိန်မှာ နောက်ထပ်နှစ်လုံး ထပ်ခွဲလိုက်တယ်။ သူတို့က သေနတ်တွေ ရမ်းပစ်တာတွေလုပ်တယ်” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယမန်နေ့က ရဲကားကို မိုင်းဆွဲတိုက်ခိုက်ရာ၌လည်း နှစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေသည်ဟု ကိုတွံတေးက ပြောသည်။

“ပျောက်နေတာတော့ နှစ်ယောက်၊ သေတာလား။ ဒဏ်ရာရလို့ ဆေးရုံတက်နေရတာလားတော့ မသိဘူး။ ကျွန်တော်တို့ မိုင်းဆွဲလိုက်တဲ့ကားလည်း ရှာမတွေ့တော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။

ယနေ့နံနက်ပိုင်းက နွားထိုးကြီးမြို့မြောက်ဘက် ဝက်လူးရွာအနီးတွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နာရီဝက်အကြာတွင် ရန်ကုန် – မန္တလေးအမြန်လမ်းပေါ်ရှိ ပြင်စည်ရွာအနီးတွင်လည်း အင်အား ၂၀ ကျော်ပါ စစ်ကားတစ်စီးကို မိုင်းလေးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDF က ထုတ်ပြန်သည်။

အမြန်လမ်းပေါ်ရှိ ပြင်စည်ရွာမှာ နွားထိုးကြီးမြို့အရှေ့ဘက် ၁၄ မိုင်ခန့်အကွာတွင် ရှိပြီး ယနေ့ နံနက်ပိုင်းက ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဝက်လူးရွာအရှေ့တောင်ဘက် ၂၁ မိုင်ခန့်အကွာတွင် ရှိသည်ဟု သိရသည်။

အဆိုပါစစ်ကား မိတ္ထီလာဘက်သို့ ဦးတည်မောင်းနှင်လာစဉ် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ PDF အဖွဲ့ဝင် ကိုတွံတေးက ပြောသည်။

“အမြန်လမ်းမှာ လေးယောက်ပဲ တွက်ထားတာ။ မြင်တဲ့လူကိုယ်တိုင်ပြောတာက လေးယောက်မကဘူး။ အများကြီးပဲ။ ပက်လက်တွေဖြစ်နေတာတဲ့။ ပြီးတော့ စစ်ကူပုံစံမျိုး ရောက်လာတဘ်။ လူနာတင်ကားတွေလည်း ရောက်လာတော့ အနီးကပ်လို့ မရဘူး” ဟု ၎င်းက ဆိုသည်။​

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကို မသိရသော်လည်း ရှစ်ဦးထက်ပိုများနိုင်သည်ဟု ကိုတွံတေးက ခန့်မှန်းသည်။

သို့သော် အထက်ပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

မန္တလေးအတိုင်းတောင်ပိုင်းတွင် နေပြည်တော်အပါအဝင် အခြားမြို့ရွာများသို့ ဖြတ်သန်းသွားလာရာတွင် အရေးပါသော မြို့နယ်တစ်ခုဖြစ်သည့် နွားထိုးကြီးတွင် ဒေသခံ PDF အဖွဲ့က စစ်ကောင်စီကို မကြာခဏ ခုခံတိုက်ခိုက်နေသည့်ပြင် ကားလမ်းမပေါ် ဖြတ်သန်းသွားလာသည့် ယာဉ်များကို စစ်ဆေးနိုင်သည်အထိ နယ်မြေစိုးမိုးထားသည်ကို တွေ့ရသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles