အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်း

အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာ မေလအစောပိုင်း ရန်ကုန်

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ စီးပွားရေးမြို့တော် ရန်ကုန်မှ မေလ ၃ ရက်နှင့် ယနေ့ (မေ ၄) နံနက်ပိုင်း မြင်ကွင်းအချို့ဖြစ်သည်။ အချို့သော နေရာများတွင် လှုပ်ရှားသွားလာနေသူများ မြင်တွေ့ရသော်လည်း ယခင်နှင့် မတူသည်များလည်းရှိသည်။

ရန်ကုန်မြို့ရှိ လမ်းဆုံလမ်းခွနေရာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခိုင်အမာအကာအကွယ်ယူထားသည်ကို တွေ့ရသည်။ ခုခံတော်လှန်သူများ၏ ပြောက်ကျားတိုက်ခိုက်မှုကို ကြောက်ရွံ့နေသောကြောင့်ဖြစ်သည်။ လမ်းမထက်တွင် အတားအဆီးများချကာ ယာဉ်ထိန်းရဲ၊ ရဲနှင့် စစ်သားများက လမ်းသွားလမ်းလာနှင့် မော်တော်ယာဉ်များကို စစ်ဆေးနေသည်လည်း ရှိသည်။

မြန်မာနိုင်ငံတွင် အခြေအနေတည်ငြိမ်နေကြောင်းပြသရန် အာဏာသိမ်းစစ်ကောင်စီက ရုပ်ရှင်ရုံများကို ဖွင့်လှစ်စေခဲ့သော်လည်း ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံအချို့တွင် လူသူကင်းမဲ့နေသည်ကို ယမန်နေ့ (မေ ၃) က တွေ့ရသည်။

ရုပ်ရှင်ရုံများမှာ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ကာ အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီက ပြန်ဖွင့်စေခဲ့ခြင်းဖြစ်သည်။ သို့သော် ရုပ်ရှင်ကြည့်သူ မတွေ့ရဘဲ ဖြတ်သန်းသွားလာသူ တစ်ယောက်စနှစ်ယောက်စသာ တွေ့ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဓာတ်ပုံများ – ဝေမျိုး/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles