အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်း

စစ်ပွဲအတွင်းမှ ကျေးဇူးတော်ချီးမွမ်းခြင်းနေ့

တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ရှောင်နှင့်ဒေသခံပြည်သူများ စုပေါင်း၍ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်အသင်းတော်နေ့အခမ်းအနားကို ယနေ့(ဧပြီ ၂၉) ကရင်နီပြည်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို စစ်ရှောင်နှင့် ဒေသခံပြည်သူများက စစ်ဘေးလွတ်သည့် ရွာဘုရားကျောင်းတစ်ခု၌ စုဝေးကျင်းပခဲ့ကြခြင်းဖြစ်ပြီး ကျေးဇူးတော်ချီးမွမ်းရန်အတွက် ဝတ်ပြုဆုတောင်းခြင်း၊ ဘုရားသခင်အား ချီးမွမ်းသည့် ဓမ္မတေးများသီဆိုခြင်းနှင့် ဒေသခံလူငယ်များအား ဆရာတော်များက နှစ်ခြင်းခံပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ဒေသခံနှစ်ခြင်းဘာသာရေးအသင်းတော် ၂၂ နှစ်ပြည့်အခမ်းအနားကိုပါ ကျင်းပပြုလုပ်ခဲ့ကြပြီး ဒေသနှစ်ခြင်းအသင်းတော်ကို ၂၀၀၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကရင်နီပြည်တွင် ဧပြီတတိယအပတ်အတွင်း မိုးဗြဲ၊ ဝါရီဆူးပလိုင်နှင့် ဝါရီကောခူကျေးရွာ၊ ဒီးမော့ဆိုမြို့နယ် ဒေါကမီးနှင့် ဥခူရီကျေးရွာ၊ ဖရူဆိုနှင့် ဘောလခဲနယ်စပ်ရှိ ထားလဲနှင့် နန်းဖဲကျေးရွာတို့တွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် KA,KNDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၆ ဦး သေဆုံးခဲ့ပြီး KNDF မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်။

ဒေသတွင်းတိုက်ပွဲများကြောင့် ကရင်နီပြည်နယ်တွင် စစ်ရှောင်နေကြရသည့် ဒေသခံ စုစုပေါင်း ၂ သိန်းနီးပါးရှိကြောင်း ကရင်နီပြည် စစ်ရှောင်ကူညီရေးကွန်ရက်စာရင်းများအရသိရသည်။

ဓာတ်ပုံ-ခွန်လှဉာဏ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button