အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်သာတွင် ကင်းလှည့် စစ်သားများ မိုင်းခွဲခံရ၊ သေဆုံးသူရှိနိုင်

မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်း ဆိုင်ကယ် သုံးစီးဖြင့် ကင်းလှည့်နေသည့် ၆ ဦးပါ စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ (ဖေဖော်ဝါရီ ၂၅) နံနက် ၇ နာရီခန့်က တိုက်ခိုက်ရာ အနည်းဆုံး စစ်သားတစ်ဦး သေဆုံးသည်ဟု Zero ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

အင်းတော်ကျေးရွာအနီးတွင် နှစ်လုံးတွဲပဒေသာမိုင်းများဖြင့် တိုက်ခိုက်မှုအတွင်း ၎င်းတို့ဘက်မှ ထိခိုက်သူမရှိဟု ၎င်းက ဆက်ပြောသည်။

“မိုင်းကွင်းထဲရောက်တဲ့အချိန် ခွဲလိုက်တော့ သုံးယောက်ကျန်ခဲ့တာ မြင်ခဲ့ရတယ်။ နှစ်ယောက်ကတော့ ပုံခနဲ လဲသွားပြီး တစ်ယောက်က ဆန့်ငင်နေတာကို မြင်ခဲ့ရတာပါ။ အဖွဲ့ဝင်တွေက တိုက်ခိုက်ပြီးတာနဲ့ ပြန်လာခဲ့တဲ့အတွက် ထိခိုက်တာမျိုးမရှိဘူး” ဟု ထိုသူက ဆိုသည်။

တစ်ဆင့်စကားကို ကိုးကားသည့် တောင်သာမြို့ခံတစ်ဦးကလည်း တိုက်ခိုက်မှုအတွင်း စစ်သား တစ်ဦးသေ၊ နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသည်ဟုဆိုသည်။ ဖြစ်စဉ်အပြီး ထိုနေရာသို့ စစ်သားအများအပြား ရောက်လာကာ အနီးရှိ ကျေးရွာများကို ဝင်ရောက်စစ်ဆေးမှုများရှိသည်ဟု တောင်သာမြို့ခံက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သို့သော် မိုင်းခွဲမှုဖြစ်စဉ်အတွင်း စစ်သား ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ရှာဖွေမှုများအတွင်း အရပ်သား ဖမ်းဆီးခံရမှုများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ စသည့် မြို့နယ်များအတွင်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များဖြင့် ပုံမှန် ကင်းလှည့်လေ့ရှိသလို ကျေးရွာများကို ဝင်ရောက်၍ အရပ်သားများကို မကြာခဏ ဖမ်းဆီးလေ့ရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြင်းခြံမြို့ခံအချို့က ပြောသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များလည်း ပါဝင်သည်။

လက်နက်အင်အား သာလွန်သည့် စစ်တပ်ကို မြန်မာနိုင်ငံအလယ်ပိုင်းရှိ ခုခံရေးအဖွဲ့များက မိုင်းကို အဓိကထား၍ အသုံးပြု တိုက်ခိုက်နေရာ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တပ်ဖြန့်ချ၍ စစ်ဆင်ခြင်း၊ လေကြောင်းမှ ပစ်ခတ်ခြင်း နည်းလမ်းများကို သုံးနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button