အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်ဆည်မြို့ တောင်သူတို့ အစိုးရကို မြေပြန်တောင်း

နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ သိမ်းဆည်းခံထားရသော လယ်ယာမြေများပြန်လည်ရရှိစေရန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊  ဆူးလေကုန်းအုပ်စုမှ  ယနေ့ ဧပြီ ၆ ရက်နေ့တွင် တောင်သူများက ထွန်တုံးတိုက်ပွဲ ဆင်နွှဲကြသည်ကို တွေ့ရသည်။

မိသားစုစားဝတ်နေရေး အခက်အခဲတွေဖြစ်လို့။ ဌာနဆိုင်ရာတွေ အမျိုးမျိုးတင်ပြပေမဲ့ အရေးယူဆောင်ရွက်မပေးလို့ ခုလို ထွန်တုံးတိုက်ပွဲဆင်နွှဲရတာပါဟု မြေသိမ်းခံတောင်ရသူ တစ်ဦးဖြစ်သည့် ကိုအေးကျော်က ပြောသည်။

တောင်သူ ၂၄ ဦး  သိမ်းဆည်းခံရသည့်မြေ ၂၂၂ ဧက ရှိကြောင်း၊ သိမ်းသူတို့မှာ ဌာနဆိုင်ရာများ ဖြစ်ပြီး သီးစားအငှားချ စိုက်ပျိုးထားကြကြောင်း ၎င်းက ဆက်ပြောသည်။

စီမံကိန်းစားကျက်မြေဆိုပြီး သိမ်းဆည်းခဲ့ပြီး စီမံကိန်း အကောင်အထည် မဖော်ခဲ့ဘဲ သူတို့ အသီးသီး ခွဲဝေယူပြီး စီးပွားရေးလုပ်ငန်းရှင်တို့ကို အငှားချထားတာ နှစ်ပေါင်း ၂၀ ကျော်ပြီ။ ၂၀၁၂ မှာ ဌာနဆိုင်ရာအသီးသီးကို တိုင်ခဲ့ပေမယ့် ဘာမှ လုပ်မပေးခဲ့ဘူးဟု ၎င်းက ဆိုသည်။

မြေ ၁၂ ဧက သိမ်းခံရသူ တောင်သူအမျိုးသမီးတစ်ဦးမှာ ဒေါ်တုတ် ဖြစ်သည်။

ဘိုးဘွားပိုင်မြေတွေပါ၊ အထောက်အထားတွေ အကုန်ရှိပါတယ်၊ သိမ်းဆည်းခံရကတည်းက သားသမီးတွေလည်း အခြား အငှား ထွက်လုပ်နေရပါတယ်ဟု ဒေါ်တုတ်က ပြောသည်။


 

 

 

 

 

 

 

 

 

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button