အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

AA တပ်ဖွဲ့ဝင်များ အပါအဝင် ၆ ဦးကို အကြမ်းဖက်ဥပဒေဖြင့် ယနေ့စွဲချက်တင်

ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ မန္တလေးတွင်ဖမ်းဆီးရမိခဲ့သော ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်သုံးဦးနှင့် ဆက်စပ်တရားခံသုံးဦးကို မန္တလေး ခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ယနေ့စွဲချက်တင်လိုက်သည်။

ယင်းအမှုတွင် တရားလိုပြသက်သေ ၁၉ ဦးကို စစ်ဆေးခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁ နှင့် ၅၂က တို့ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေး ခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်ကျော်မိုးကဆိုသည်။

၂၀၁၉ စက်တင်ဘာ ၁၀ တွင် ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်လုံးမှ ဂြိုဟ်တုဖုန်း အလုံး ၄၀ ရှရှားထုတ် မှန်ပြောင်း ၃၀ ခုနှင့်အတူ ယမ်းတုံးများ၊ ဖောက်ခွဲရေးသုံး ဆက်စက်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

နောက်တစ်လအကြာတွင်စတင်တရားစွဲတင်ခဲ့သော ယင်းအမှုတွင် ဆက်စပ်ဖမ်းဆီး တရားစွဲဆိုခံထားရသူ ကိုးဦးရှိပြီး ခြောက်ဦးကိုဖမ်းဆီးရမိကာ သုံးဦးထွက်ပြေးတိမ်းရှောင်နေသည်။

ဖမ်းဆီးရမိသော တရားခံ ခြောက်ဦးတွင် AA ဒုအရာခံဗိုလ်တစ်ဦးနှင့် ဒုတပ်ကြပ် နှစ်ဦးပါဝင်ပြီး ဆက်စပ်တရားခံ သုံးဦးမှာ ကျောက်အရောင်းအဝယ်သမားနှင့် ပြည်တွင်းကားဂိတ်မှူး တစ်ဦးဖြစ်ကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။

၎င်းတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁() ၅၂ (က) တို့ဖြင့် ၂၀၁၉ အောက်တိုဘာ ၈ တွင် ဒုရဲမှူးဇော်နိုင်က တရားစွဲဆိုထားခြင်းဖြစ်ပြီး ယင်းအမှုနှင့်ပတ်သက်၍ ထွက်ပြေးနေသူ သုံးဦးကိုလည်း တရားခံပြေးအဖြစ် တရားရုံးက ကြေညာထားသည်။

ပုဒ်မ ၅၁ () မှာ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ပုဒ်မ ၅၂ (က) မှာ ထောင်ဒဏ် ၇ နှစ်အထိ အများဆုံးချမှတ်နိုင်သော ပုဒ်မများဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button