အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မလေးရှားက မြန်မာနိုင်ငံသား ၆,၈၀၀ ကျော်ကို ဒီဇင်ဘာတွင် ပြန်ပို့မည်

ယခင်က ပြန်ပို့ခဲ့သူ ရာနှင့်ချီသည် စစ်တပ်၏ ထိန်းသိမ်းမှုခံနေရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် မလေးရှားက နောက်ထပ် လူထောင်နှင့်ချီ ပြန်ပို့မည့်အစီအစဉ်ကို ကြေညာလိုက်သည်။

မလေးရှားနိုင်ငံက မြန်မာနိုင်ငံသား ၆,၈၀၀ ကျော်ကို လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အင်္ဂါနေ့တွင် လွှတ်တော်၌ ပြောသည်။ ပြန်ပို့မည့်သူများတွင် ရိုဟင်ဂျာများ ပါဝင်ခြင်း ရှိမရှိကို ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တွင် မြန်မာနိုင်ငံသား ၁,၅၀၀ ကို ရေတပ်သင်္ဘော သုံးစီးဖြင့် ပြန်ပို့မည်ဖြစ်ပြီး ကျန် ၅,၃၀၃ ဦးကို မြန်မာဘက်က စရိတ်ခံ၍ ဒီဇင်ဘာလအတွင်း လေကြောင်းဖြင့် ပြန်ပို့မည်ဟု အန်ဝါက ဆိုသည်။

ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်မှုအပြီး ငါးရက်အကြာတွင် ယခုအစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ နေရပ်စွန့်ခွာခဲ့ရသည့် ရိုဟင်ဂျာများ မိမိတို့ဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး စီစဉ်ပေးရန် မြန်မာအာဏာပိုင်များကို တရားရုံးက အမိန့်ချမှတ်ထားသည်။

မလေးရှားက စက်တင်ဘာလကုန်ပိုင်းတွင် မြန်မာနိုင်ငံသား ၁,၅၀၀ ခန့်ကို ပြန်ပို့ခဲ့ပြီး စစ်ပွဲဆက်လက်ဖြစ်ပွား နေသော မြန်မာနိုင်ငံသို့ ပြန်ပို့သည့် အစီအစဉ်၏ ပွင့်လင်းမြင်သာမှုနှင့် ပြန်ပို့ခံရသူများ၏ လုံခြုံရေးအပေါ်ကို လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်ကြောင်း ပြောဆိုခဲ့သည်။ ပြန်ပို့ခံရသူများထဲမှ ရာနှင့်ချီသည် စစ်တပ်၏ ထိန်းသိမ်းမှုခံနေရကြောင်း သတင်းများနှင့် ပတ်သက်၍ မြန်မာဘက်ထံ ရှင်းလင်းချက်တောင်းမည်ဟု မလေးရှားအစိုးရက အောက်တိုဘာလကုန်ပိုင်းတွင် ပြောခဲ့သည်။ သို့သော် အန်ဝါ၏ အင်္ဂါနေ့ လွှတ်တော်ပြောကြားချက်တွင် အဆိုပါကိစ္စကို ထည့်သွင်းပြောဆိုခြင်း မရှိပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရိုဟင်ဂျာ ၁၀,၀၀၀ လက်ခံရေး တူရကီ အသင့်မရှိသေး

မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို လက်ခံပေးရန် မလေးရှား၏ တောင်းဆိုချက်ကို တူရကီက စဉ်းစားရန် အသင့်မရှိသေးကြောင်းလည်း အန်ဝါက ပြောသည်။ အသက်မွေးဝမ်းကျောင်းသင်တန်း အစီအစဉ်မှတဆင့် ရိုဟင်ဂျာများကို တူရကီ၌ ပြောင်းရွှေ့အခြေချစေရန် ကြိုးပမ်းနေကြောင်း ဒုတိယဝန်ကြီးချုပ် အာမက် ဇာဟစ် ဟာမီဒီက သောကြာနေ့တွင် Facebook ၌ ရေးသားခဲ့ပြီးနောက် အကြောင်းပြချက်မပေးဘဲ ပြန်ဖျက်ခဲ့သည်။

မလေးရှားက အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်နိုင်ငံများအပါအဝင် တတိယနိုင်ငံများတွင် ဒုက္ခသည်များ ပြောင်းရွှေ့အခြေချနိုင်ရေး ဆက်လက်ရှာဖွေသွားမည်ဖြစ်သည်။

ကုလသမဂ္ဂ၏ စာရင်းအရ မလေးရှားရှိ မြန်မာဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ ၁၉၀,၀၀၀ အနက် သုံးပုံနှစ်ပုံမှာ ရိုဟင်ဂျာများဖြစ်သည်။ မလေးရှားသည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ထိုးထားခြင်းမရှိပေ။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles