ကြံ့ခိုင်ရေးကိုဗဟိုပြုပြီး ကြီးထွားလာသည့် ဦးခင်ရီ၏စီးပွားရေးအင်ပါယာ

ငလျင်ကြောင့်ပြိုကျပျက်စီးခဲ့သည့် နေပြည်တော်ကြံ့ခိုင်ရေးပါတီရုံးချုပ်ကို ပြန်ပြင်ရန်ဆောက်လုပ်ရေးကုမ္ပဏီ ငှားရမ်းရေးအတွက် ပြီးခဲ့သည့်လများအတွင်းက ကြံ့ခိုင်ရေးခေါင်းဆောင်များအကြား ဆွေးနွေးခဲ့ကြပြီး
သိန်းနှစ်သောင်းကျော်ကုန်ကျမည့် အကျိုးအမြတ် မြိုးမြိုးမြက်မြက်ရနိုင်သော အဆိုပါလုပ်ငန်းအတွက် ကန်ထရိုက်ရရန် မျက်စပစ်နေခဲ့ကြသူများလည်းရှိသည်။