ကရင်အမျိုးသားတပ်မတော်အဖြစ် သီးခြားရပ်တည်ရန် ကရင်နယ်ခြားစောင့်တပ်စီစဉ်နေ

စစ်ကောင်စီလက်အောက်မှ ခွဲထွက်ကာ ကရင်အမျိုးသားတပ်မတော် (Karen National Army -KNA) အမည်ဖြင့် သီးခြားရပ်တည်ရန် စီစဉ်နေသည်ဟု ကရင်နယ်ခြားစောင့်တပ် (BGF) တာဝန်ရှိသူက ယနေ့ (မတ် ၅) အတည်ပြုသည်။ သီးခြားရပ်တည်နိုင်ရေး ပြောင်းလဲဖွဲ့စည်းရန် တပ်နယ်မှူးအားလုံး အကြမ်းဖျဉ်းသဘောတူထားပြီးဖြစ်ကာ အောက်ခြေတပ်ဖွဲ့ဝင်များကို ရှင်းလင်းပြောဆိုပြီးနောက် ယခုလအတွင်း အတည်ပြုကြေညာရန် ရှိသည်ဟု BGF တပ်ဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော်က Myanmar Now ကို ပြောသည်။ “အကြမ်းဖျဉ်းအားဖြင့် သဘောတူတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါကို အတည်ပြုဖို့ အနေအထားလေးက အောက်ခြေအထိ ချပြနေတုန်းပါပဲ” စစ်ကောင်စီထံမှ လစာမယူတော့သည့်အချိန်မှစ၍ BGF အနေဖြင့် အာဏာသိမ်းစစ်တပ်နှင့် မပတ်သက်တော့ကြောင်း၊ KNA အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းသည် ကွဲပြားနေသော ကရင်လက်နက်ကိုင်များ ပြန်လည် ပေါင်းစည်းရန် … Continue reading ကရင်အမျိုးသားတပ်မတော်အဖြစ် သီးခြားရပ်တည်ရန် ကရင်နယ်ခြားစောင့်တပ်စီစဉ်နေ