စစ်မှုမထမ်းလို၍ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာလူငယ်တချို့ ထွက်ပြေး

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်ဖြူမြို့နယ် ဒုက္ခသည်စခန်းတစ်ခုတွင် အာဏာသိမ်းစစ်တပ်က စစ်ပညာသင်ကြားပေးရန် လူစာရင်းကောက်ယူခြင်း၊ စစ်သင်တန်းကို တက်သုတ်ရိုက် စီစဉ်နေခြင်းတို့ကြောင့် ရိုဟင်ဂျာလူငယ် ဒါဇင်နဲ့ချီပြီး စခန်းမှ ထွက်ပြေးခဲ့ကြသည်။ မြို့တောင်ဘက် ၃ မိုင်ခန့်အကွာရှိ လူဦးရေတစ်ထောင်ကျော်နေထိုင်သော ‘ကျောက်တစ်လုံး’ ဒုက္ခသည်စခန်းသို့ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျောက်တစ်လုံးစခန်းဝင်ပေါက်ရှိ ခန်းမတွင် စခန်းအုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ စာရင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဖေဖော်ဝါရီ ၂၂၊ ၂၃ တွင် စခန်းသို့ ဆက်တိုက်လာရောက်ပြီး အသက် ၁၈ မှ ၃၅ နှစ်အတွင်း အကျုံးဝင်သူအားလုံး စစ်မှုထမ်းရမည်၊ စစ်သင်တန်း ၂ ပတ် ပို့ချမည်ဟု စစ်အောက်ခံလက်အောက်ခံအဖွဲ့က ဖိအားပေးပြောဆိုခဲ့ကြောင်း Myanmar Now က … Continue reading စစ်မှုမထမ်းလို၍ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာလူငယ်တချို့ ထွက်ပြေး