လောက်ကိုင်ကျဆုံးခြင်းက မည်သည့်အဓိပ္ပာယ်ဆောင်နေသနည်း။ ညီနောင်မဟာမိတ်အဖြစ် စုဖွဲ့ထားသည့် တအာင်းတပ် (TNLA)၊ ရက္ခိုင့်တပ် (AA)၊ ကိုးကန့်တပ် (MNDAA) တို့အတွက် လောက်ကိုင်ကို အောင်နိုင်ခြင်းသည် ၂၀၂၃၊ အောက်တိုဘာ ၂၇ တွင် “၁၀၂၇” အမည်ဖြင့် စတင်သည့် စစ်ဆင်ရေး၏ မဟာအောင်ပွဲ (Great Victory) ဖြစ်သည်မှာ သေချာလှသည်။ စစ်အောင်နိုင်သူ MNDAA ခေါင်းဆောင်များက သဘောထားကြီးစွာဖြင့် စစ်ကောင်စီ၏ ဗိုလ်မှူးချုပ်များကို စစ်သုံ့ပန်းသဖွယ် မဆက်ဆံဘဲ၊ တစ်စားပွဲတည်းထိုင် တစ်ခွက်တစ်ဖလား ဆင်နွှဲနေကြပုံများ ဆိုရှယ်မီဒီယာပေါ် ပလူပျံနေချိန်တွင် နိုင်ငံ၏လွတ်လပ်ရေးနေ့ကို အကြောင်းပြု၍ နေပြည်တော်ရှိ စိမ်းမြမြ မြက်ခင်းတုများပေါ်၌ ဝိုင်ခွက်မြှောက်၍ မင်းအောင်လှိုင် တစ်ခွက်တစ်ဖလား ဆင်နွှဲနေပုံက ဆန့်ကျင်ဘက်အရောင်များဖြင့် စုတ်ချက်ကြမ်းကြမ်း ခြယ်သထားသော ပန်းချီကားတစ်ချပ် ကြည့်နေရသည့်နှယ်။ ပစ္စုပ္ပန်၏ကျဆုံးမှုကို အတိတ်၏အောင်ပွဲနှင့် … Continue reading လောက်ကိုင် ကျဆုံးခြင်း
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed