မြို့သိမ်းတိုက်ပွဲများ ပေါ်လာချိန်တွင် တစ်နိုင်ငံလုံး ထိုးစစ်များရှိလာ

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ပူးပေါင်းပြီး “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေချိန်တွင် နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းရှိ စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြို့များကိုလည်း တော်လှန်ရေးတပ်များက တစ်ပြိုင်နက် တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည်။  အောက်တိုဘာ ၂၇ ရက်နေ့က အစပြုသည့် စစ်ဆင်ရေး ၁၂ ရက်မြောက်နေ့တွင် စစ်ကောင်စီစခန်း ၁၂၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းပိုက်နိုင်ခဲ့သည်၊ စစ်ကောင်စီတပ်သား ရာနှင့်ချီ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်၊ စစ်သုံ့ပန်း ရာနှင့်ချီ ဖမ်းမိထားသည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ပြောခွင့်ရ ကိုကျော်နိုင် ခေါ် လီကျားဝင်းက Myanmar Now ကို ပြောသည်။ “သိမ်းပိုက်ထားနိုင်တဲ့ မြို့တွေက ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ နမ့်ခမ်း၊ မုံးကိုး ဒီမြို့တွေကိုတော့ … Continue reading မြို့သိမ်းတိုက်ပွဲများ ပေါ်လာချိန်တွင် တစ်နိုင်ငံလုံး ထိုးစစ်များရှိလာ