ဒိုက်ဦးထောင်အတွင်းမှ စစ်ကောင်စီ၏ လူသတ်ပွဲများ

လမ်းမများပေါ်မှ ဆန္ဒပြပွဲများ၊ အညာနှင့် တိုင်းရင်းသားဒေသများမှ ကျေးရွာများ၊ စစ်ကြောရေးစခန်းများသည် စစ်ကောင်စီ၏ လူသတ်ပွဲကျင်းပရာ နေရာများဖြစ်ခဲ့သည်။ အာဏာသိမ်းပြီး ၂ နှစ် ကျော်ကြာလာချိန်တွင်တော့ စစ်ကောင်စီသည် ရက်စက်ကြမ်းကြုတ်သော လူသတ်ပွဲများကို အကျဉ်းထောင်များအတွင်းမှာပင် ဆင်နွှဲနေပြီး နိုင်ငံရေးအကျဉ်းသား (နိုင်ကျဉ်း) များနှင့် ပြစ်မှုကျူးလွန်ကြောင်း သံသယမှုဖြင့် ဖမ်းဆီးခံရသူအများအပြားကို ဖမ်းဆီးထားရာမှ နှိပ်စက်သတ်ဖြတ်ပစ်နေသည်။ နောက်ဆုံးရ ထောင်တွင်းလူသတ်ပွဲသတင်းသည် ဒိုက်ဦး (ကျိုက်ဇကော) အကျဉ်းထောင်မှ နိုင်ကျဉ်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်သတင်းဖြစ်သည်။ ဒိုက်ဦးထောင်ထဲမှ စစ်တပ်က ခေါ်ထုတ်ပြီး သတင်းပျောက်သွားသည့် နိုင်ငံရေးအကျဉ်းသားများအနက်မှ ၇ ဦး၏ မိသားစုဝင်များ၊ နီးစပ်သူများနှင့် Myanmar Now က အဆက်အသွယ်ရခဲ့ပြီးနောက် အနည်းဆုံး ၄ ဦးမှာ သတ်ဖြတ်ခံလိုက်ရပြီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သေဆုံးသွားသူများမှာ ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်၊ … Continue reading ဒိုက်ဦးထောင်အတွင်းမှ စစ်ကောင်စီ၏ လူသတ်ပွဲများ