မိုခါမုန်တိုင်းဒဏ်ကြားက ကူရာကယ်ရာမဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် လူသေဆုံးမှုနှင့် အိုးအိမ်များ အကြီးအကျယ်ပျက်စီးခဲ့ပြီး၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်တို့မှာ မုန်တိုင်းတွင် အပြင်းထန်ဆုံး ထိခိုက်ခဲ့ရသည်။ မုန်တိုင်းကြောင့် ရိုဟင်ဂျာအများအပြား သေဆုံးခဲ့ပြီး ကျန်ရစ်သူတို့မှာလည်း ကူရာမဲ့ဘဝသို့ ရောက်ရှိနေသည်။