မိုးထိမိုးမိ ရွှေတွင်းကြီးနှင့် တရားခံပြေး မဘသဒါယကာ သူဌေးကြီး

အမျိုးသားရေးလှုပ်ရှားမှုများအတွက် ရွှေစင်တစ်ပိဿာလှူခဲ့သော်လည်း နိုင်ငံတော်ထံ ရွှေပိဿာ ၁၃၀၀ ကြွေးကျန်နေသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်သည် ‘ရွှေတစ်ကျပ်သား လိမ်ထားရင် ကြိုးစင်တက်မယ်’ ဟူသော စကားနှင့်အတူ ပျောက်ဆုံးနေသည်မှာ ယခုထိဖြစ်သည်။