ရန်ဟီလီသွားခဲ့သည့် ရဲဘက်စခန်းတွင် အကျဉ်းသားများ ခြေချင်းဖြင့် ဆက်လက်အလုပ်လုပ်နေရ
ဇင်းကျိုက် – မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီ မကြာသေးမီက သွားရောက်လေ့လာခဲ့သည့် မွန်ပြည်နယ်ရှိ ကျောက်ထုတ်စခန်းတစ်ခုတွင် အကျဉ်းသားများ ယနေ့တိုင် သံခြေချင်းများဖြင့် ဆက်လက်၍ အလုပ်ကြမ်းလုပ်နေရကြောင်း တွေ့ရှိရသည်။ ရန်ဟီလီသည် ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ကျောက်ထုတ်ရဲဘက်အကျဉ်းစခန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး သူ၏ အဓိကစိုးရိမ်ပူပန်မှုမှာ အကျဉ်းသားတို့ ကျောက်ထုတ်သည့် မိုင်းများတွင် အလုပ်လုပ်ကိုင်စဉ်နှင့် အိပ်ဆောင်တွင် နေထိုင်စဉ် သံခြေချင်းတပ်ဆင်ခံရခြင်း ဖြစ်သည်။ ထိုကဲ့သို့ အကျဉ်းသားများကို သံခြေချင်းခတ်ပြီး အလုပ်ကြမ်းများခိုင်းစေခြင်းသည် ၎င်းတို့ခံစားရမည့် တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်များအပြင် ထပ်ဆောင်းအပြစ်ပေးခြင်း ပုံစံဖြစ်နေကြောင်း ရန်ဟီလီက ရန်ကုန်တွင် ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရန်ဟီလီပြန်သွားပြီး တစ်လခန့်အကြာ အကျဉ်းသား ၄ဝဝ ခန့် ရှိသော ဇင်းကျိုက်ကျောက်ထုတ်အကျဉ်းစခန်းသို့ … Continue reading ရန်ဟီလီသွားခဲ့သည့် ရဲဘက်စခန်းတွင် အကျဉ်းသားများ ခြေချင်းဖြင့် ဆက်လက်အလုပ်လုပ်နေရ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed