ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် ယနေ့ (ဒီဇင်ဘာ ၃၁) နံနက်အစောပိုင်းမှ မွန်းလွဲပိုင်းအထိ တိုက်ပွဲဖြစ်နေပြီး မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဒီးမော့ဆိုရဲစခန်းနှင့် ဒေါငံခါးရပ်ကွက်အနီးတစ်ဝိုက်ကို လေယာဉ်များဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း တိုက်ပွဲဧရိယာအတွင်း ရောက်ရှိနေသည့် ကယ်ဆယ်ရေးသမားတစ်ဦးက Myanmar Now ကို ပြောသည်။
ယနေ့ညနေပိုင်းအထိ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကာ ကရင်နီပူးပေါင်းတပ်များဘက်မှ ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးရှိကြောင်း တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ဒီးမော့ဆိုမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၄၂၇ ခြေလျင်တပ်ရင်းကို ယမန်နေ့ (ဒီဇင်ဘာ ၃၀) ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/X7_581wyuE4]