
စစ်ကောင်စီက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) မှ ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို စစ်အာဏာမသိမ်းမီကာလအတွင်းက စွဲဆိုထားသည့် ပုဒ်မနှစ်ခုဖြင့် ယနေ့ (ဒီဇင်ဘာ ၂၉) တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ၁ လ ချမှတ်လိုက်သည်။
၂၀၂၀ စက်တင်ဘာတွင် ရခိုင်ဒေသ အင်တာနက်ပြန်ဖွင့်ပေးရေးအတွက် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှေ့ရှိ ကားမှတ်တိုင်နှင့် ဓာတ်တိုင်များတွင် ခွင့်ပြုချက်မရှိဘဲ စာရွက်စာတမ်းများ ဖြန့်ဝေမှုအတွက် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဥပဒေ (ငြိမ်းစုစီ) ပုဒ်မ ၁၉ နှင့် စွဲချက်တင်ခံရပြီး နောက်တစ်မှုမှာ ရခိုင်ပြည်နယ်အစိုးရကို အကြည်ညိုပျက်စေမှု ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/SDnyh1h3xQM]