သတင်း

ဖရူဆိုက အစုလိုက်အပြုံလိုက်မီးရှို့ခံရသူများ၏ နာရေး

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၄ က အစုလိုက်အပြုံလိုက်မီးရှို့ခံခဲ့ ရသူ ၃၀ ကျော်၏ ရုပ်အလောင်းများကို ကယားပြည်နယ်တစ်နေရာတွင် ယနေ့ (ဒီဇင်ဘာ ၂၉) နံနက်ပိုင်းက မြှုပ်နှံသည်။

“ဘာသာပေါင်းစုံပေါ့နော် ဝိုင်းဝန်းဆုတောင်းပေးကြတယ်။ လာနိုင်တဲ့သူရှိသလို အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တဲ့ မိသားစုဝင်တွေလည်းရှိပါတယ်” ဟု KNDF (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်) မှ တပ်ရင်းမှူးတစ်ဦးက Myanmar Now ကို ပြောသည်။

မီးရှို့သတ်ဖြတ်ခံရသည်ဟု ယူဆရသော လူပေါင်း ၃၀ ကျော်တွင် ၎င်းတို့ဝန်ထမ်းနှစ်ဦးပါဝင်ကြောင်း Save the Children က အတည်ပြုထားသည့်နည်းတူ ကလေးငယ်လေးဦးနှင့် အမျိုးသမီးနှစ်ဦးလည်း ပါဝင်ကြောင်း UNICEF က ယမန်နေ့တွင် ထုတ်ပြန်သည်။

Related Articles

Back to top button