
မကြာခင်ကုန်ဆုံးတော့မည့် ၂၀၂၁ ခုနှစ်၏ နောက်ဆုံးည ဒီဇင်ဘာ ၃၁ ရက်နေ့ည ၁၂ နာရီအချိန်၌ New year Countdown ရေတွက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံဖြစ်သည့် အရေးတော်ပုံအောင်ရမည်ဟု ၃ ကြိမ်ကြွေးကြော်ကာ နှစ်သစ်ကူးကြရန် သပိတ်အင်အားစုများက နှိုးဆော်နေကြပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့က Silent Strike တိတ်ဆိတ်ခြင်းသပိတ်တွင် ပါဝင်ကြရန် သပိတ်အင်အားစုများက ပြည်သူများကို နှိုးဆော်ခဲ့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်ခဲ့ကြသည်ကို တွေ့ရပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/OkL4fqn98kg]