ဓာတ်ပုံအက်ဆေး

လူတစ်ထောင်ကျော်ခိုလှုံနေသည့် ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်း

စက်တင်ဘာလ ၇ ရက်က တိုက်ပွဲကြောင့် ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်နှင့် စံပြခြောက်မိုင်ကျေးရွာတို့မှ ဒေသခံ ၁၀၀၀ ကျော် ခိုလှုံနေသည့် စစ်ရှောင်စခန်းအတွင်းက ဓာတ်ပုံများဖြစ်သည်။

စစ်ရှောင်အများစုမှာ ကလေး၊ အမျိုးသမီးနှင့် လူကြီးပိုင်းများဖြစ်ပြီး ၎င်းတို့၏ နေ့စဉ်အာဟာရအတွက် အလှူရှင်များကိုသာ အားထားနေရသည်။

ခရစ်ယာန်အများစုနေထိုင်သည့် ကရင်နီဒေသတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသဖြင့် ယခင်နှစ်များကဲ့သို့ ခရစ္စမတ်ပွဲတော်ကို စည်စည်ကားကားကျင်းပနိုင်ခြင်းမရှိတော့ပေ။

Related Articles

Back to top button