ရုပ်သံသတင်း

စစ်ရှောင်များ သောင်ရင်းမြစ်ကို ဆက်လက်ဖြတ်ကူးနေဆဲ

လေကြောင်းမှ ဗုံးကြဲခံရသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနောက်ဘက် တစ်မိုင်အကွာ ကျောက်ဂူရွာ၊ အရှေ့ဘက် နာရီဝက်ခရီးတွင်ရှိသည့် မင်းလက်ပံရွာတို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်တို့အကြား ယနေ့ (ဒီဇင်ဘာ ၂၄) နံနက် ၁၁ နာရီမှ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသောကြောင့် ပတ်ဝန်းကျင်ရှိ ဒေသခံများသည် သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင်လည်း ဒေသခံမြောက်မြားားစွာ‌ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/4npEtdygmsI]

Show More

Related Articles

Back to top button