ဓာတ်ပုံအက်ဆေး

မီးလောင်ပျက်စီးထားသည့် ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာရှိ မီးလောင်ပျက်စီးထားသည့် နေအိမ်များကို ဒီဇင်ဘာ ၁၇ ရက်က တွေ့မြင်ရခြင်းဖြစ်သည်။ စက်တင်ဘာလအတွင်းက ကုန်းသာရွာတစ်ဝိုက်တွင် ကရင်နီတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံများ၏ နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ အဆိုအရ လက်နက်ကြီးထိ၍ မီးလောင်ပျက်စီးသည့် နေအိမ်များရှိသလို စစ်တပ်က ရည်ရွယ်ချက်ဖြင့် မီးတင်ရှို့ခဲ့သော နေအိမ်များလည်း ရှိသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ မှတ်တမ်းများအရ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တွင် လက်ရှိအထိ မီးရှို့ခံရသည့်အိမ် ၂၇၄ လုံးရှိပြီး လက်နက်ကြီးကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံပေါင်း ၃၇၁ လုံးရှိသည်။

Show More

Related Articles

Back to top button