ကယား (ကရင်နီ) ပြည်နယ်ရှိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ တပ်ရင်း ၅ မှ သင်တန်းသားများ ဒီဇင်ဘာ ၁၈ ရက်က မွမ်းမံစစ်သင်တန်းတွင် ပါဝင်လေ့ကျင်နေပုံများဖြစ်သည်။
ကရင်နီဒေသရှိ ဒေသခံပြည်သူများက အာဏာသိမ်းစစ်ကောင်စီကို မေလ ၂၁ တွင် လက်နက်ကိုင် ခုခံတော်လှန်မှု စတင်ခဲ့သည်။ ထို့နောက် ဒေသအလိုက် ပြန့်ကျဲနေသော တော်လှန်ရေးအဖွဲ့များကို စုစည်းကာ မေလ ၃၁ ရက်တွင် KNDF အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့ပါဝင်သော ကရင်နီဒေသတွင် စစ်ကောင်စီကို ခုခံတော်လှန်လျက်ရှိသည့် KNDF တွင် တပ်ရင်းပေါင်း ၂၀ ခန့်ရှိပြီဟု သိရသည်။ စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေးအရ ဦးဆောင်မှုအောက်တွင် KNDF က တိုက်ပွဲဝင်နေကြောင်း KSCC က ဩဂုတ်လဆန်းပိုင်းတွင် ကြေညာထားသည်။