ဓာတ်ပုံအက်ဆေး

ရေရှားပါးမှုဒဏ်ကြောင့် ရွှေ့ပြောင်းလာသည့် ကရင်နီစစ်ရှောင်များ

ကရင်နီစစ်ဘေးရှောင် ၁၅၀ ကျော်မှာ ယမန်နေ့တွင် ပြောင်းရွှေ့လာခြင်းဖြစ်သည်။ ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ကရင်နီစစ်ဘေးရှောင်များမှာ မေလကုန်ပိုင်းကတည်းက လွိုင်ကော်မြို့နယ်အတွင်း သွားရောက်တိမ်းရှောင်နေခဲ့သည်ဟု သိရသည်။ 

ယခု ရွှေ့ပြောင်းလာသည့် စစ်ရှောင်များတွင် အသက် ၁ လသားမှစ၍ ၁၆ နှစ်အရွယ် ကလေး ၈၀ ခန့်၊ အသက် ၆၀ နှင့်အထက် လူကြီး ၃၀ ကျော် ပါဝင်ကြောင်း သိရသည်။ မူလတိမ်းရှောင်ရာနေရာတွင် သောက်သုံးရေအခက်အခဲအပြင် ချက်ပြုတ်ရန် ထင်းရှားပါးခြင်းကြောင့် ရွှေ့ပြောင်းလာခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များကို နေရာချထားပေးသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“သူတို့ အိမ်ပြန်လို့မရသေးဘူး။ လောလောဆယ် ဒေါငံခါးမှာ နည်းနည်းငြိမ်တယ်ဆိုပေမဲ့လည်း သူတို့ ပြန်လို့မဖြစ်တဲ့ အခြေအနေပေါ့။ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တဲ့အခါကျတော့ လုံးဝပြန်လို့မရတဲ့ အခြေအနေမျိုးမှာရှိနေတယ်” ဟု ၎င်းက ပြောသည်။ 

နေအိမ်ရှိပစ္စည်းများ ပြန်သယ်ခွင့်မရသည့်အတွက်ကြောင့် စစ်ဘေးရှောင်များမှာ အလှူရှင်များထံမှ ဆန်ကိုသာ အားထားနေရပြီး ကရင်နီဒေသတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်တစ်သိန်းခွဲခန့် ရှိပြီဟု သိရသည်။ 

Show More

Related Articles

Back to top button