
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာတွင် ယနေ့ (ဒီဇင်ဘာ ၇) နံနက်ပိုင်းက အင်အား ၁၀၀ ခန့်ရှိ စစ်တပ်ဝင်ရောက်စီးနင်းစဉ် ရွာသား ၁၁ ဦး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။
ကွမ်းခြံတစ်ခုတွင် ပုန်းခိုနေစဉ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်သည့်အထဲတွင် အသက် ၁၄ နှစ်မှ ၂၂ နှစ်အရွယ် ၉ ဦးပါဝင်ပြီး ဝိုင်းဝန်းရိုက်နှက်၍ အရှင်လတ်လတ်မီးရှို့သည်ဟု ဒေသခံတို့က ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/JIWLbByX23M]