ရုပ်သံသတင်း

မြန်မာပလာဇာလုံခြုံရေးက ဆန္ဒပြသူတွေကို ဘယ်လိုထိုးကြိတ်ကန်ကျောက်ခဲ့သလဲ

ဆန္ဒပြလူငယ်များကို ယမန်နေ့က ရိုက်နှက်ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးခဲ့သည့် ရန်ကုန်ရှိ နာမည်ကျော် မြန်မာပလာဇာ၏ လုပ်ရပ်ကို ရှုတ်ချသည့်အနေဖြင့် သပိတ်မှောက်ကြရန် လှုံ့ဆော်နေကြရာ ယနေ့ (နိုဝင်ဘာ ၂၆) နံနက်ပိုင်းမှစ၍ စစ်ကောင်စီက ပလာဇာအဆောက်အအုံကို လုံခြုံရေးအပြည့်ချထားသည်။

မြန်မာပလာဇာ ဒုတိယထပ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်သည့် စာရွက်များကြဲချပြီးနောက် ဟောပြောနေချိန် တစ်မိနစ်ခန့်အတွင်းတွင် ကုန်တိုက်လုံခြုံရေးများက ဝိုင်းပိတ်ကာ ဖမ်းဆီးပြီး ထိုးကြိတ်ကန်ကျောက်သဖြင့်ခြေထောက်၊ ညာဘက်လက်၊ ဒူးခေါင်း၊ ရင်ဘတ်နှင့် မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု ဆန္ဒပြရာတွင်ပါဝင်သူက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/cCJZyHeADpk]

Show More

Related Articles

Back to top button