ရုပ်သံ

စစ်ကောင်စီက မကွေးတိုင်းဝန်ကြီးချုပ်ကို စွပ်စွဲသည့်အဂတိမှု ၆ မှုအထိရှိလာ

စစ်အာဏာသိမ်းကတည်းက ဖမ်းခံထားရသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက စွပ်စွဲထားသည့် အဂတိမှု ၆ မှုအထိ ရှိနေပြီဟု ၎င်း၏ ရှေ့နေ ဦးအောင်နိုင်က ပြောသည်။ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၆၄ နှစ်အရွယ် ဒေါက်တာအောင်မိုးညိုကို မဲရလဒ် ငြင်းဆန်ခဲ့သည့် ဗိုလ်ချုပ်ကြီးတို့က ဇွန် ၈ တွင် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နှင့် ထောင် ၂နှစ်ချခဲ့ပြီးဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ သည် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်သည့်အတွက် စစ်ကောင်စီက ဒေါက်တာအောင်မိုးညိုကို အမြင့်ဆုံးထောင်ဒဏ် နှစ် ၉၀ အထိ ထပ်ချနိုင်သည့် အမှုများနှင့် ထပ်မံစွဲဆိုထားခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/nGqwIchhGzU]

Show More

Related Articles

Back to top button