
အင်းစိန်ထောင်၌ ငါးလကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်သတင်းသမား Danny Fenster မှာ ယနေ့ (နိုဝင်ဘာ ၁၅) မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်ကာ ပြည်နှင်ဒဏ်ပေးခံ ရခြင်းဖြစ်ကြောင်း ၎င်းလုပ်ကိုင်ခဲ့သည့် Frontier Myanmar မဂ္ဂဇင်းတာဝန်ရှိသူက အတည်ပြုသည်။
Myanmar Now သတင်းဌာနတွင် အင်္ဂလိပ်ပိုင်းစာတည်းအဖြစ်၂၀၂၀ နှစ်လယ်ထိလုပ်ကိုင်ခဲ့ပြီးနောက် Frontier Myanmar မဂ္ဂဇင်းတွင် နောက်ပိုင်းပြောင်းရွှေလုပ်ကိုင်ခဲ့သော အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ်မှ Danny Fenster ကို စစ်ကောင်စီက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု၊ မတရားအသင်းများနှင့် ဆက်သွယ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေကို ဖောက်ဖျက်မှုများဖြင့် စွပ်စွဲကာ လွန်ခဲ့သည့် အပတ်က ထောင် ၁၁ နှစ်ချမှတ်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/7ha9HUfsvy0]