သတင်း

၂၀၂၀ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ အပြင်းအထန်ဖြစ်ပွားနေချိန်ဖြစ်သောကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့က တောင်းဆိုခဲ့သည်။ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲမကျင်းပမီကပင် မဲစာရင်းမှားယွင်းမှုများရှိသည်ဆိုကာ ကန့်ကွက်ခဲ့ကြသည်။ 

ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှပင် ရွေးကောက်ပွဲနေ့တွင် ပြည်သူများ တစ်ခဲနက်ဆန္ဒမဲပေးခဲ့ကြသည်။ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်၌ ဆန္ဒမဲပေးပြီးနောက် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ရခိုင်နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ် ၁၅ ခုတွင် ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်း မရှိဘဲ ရွေးကောက်ပွဲကျင်းပဖြစ်ခဲ့သည့် မြို့နယ်ပေါင်း ၃၁၅ ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ အပါအဝင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်လုံးတွင် အများဆုံးအနိုင်ရရှိခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီက ထိုသို့ အပြတ်အသတ်အနိုင်ရခဲ့သော်လည်း မဲစာရင်းမှားယွင်းသည်ဆိုသော စွပ်စွဲချက်ဖြင့် လွှတ်တော်သစ်များ စတင်မည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည်။

Show More

Related Articles

Back to top button