ရုပ်သံသတင်း

အနာပျောက်ကင်းသည်အထိ ပြင်ပဆေးရုံတွင် ကုသမှုရယူလိုဟု ဦးမြအေးဆို

ခြေထောက်အနာ ပိုးဝင်ပြီး ရောင်ရမ်းနေသဖြင့် အောက်တိုဘာ ၁၁ ရက်နေ့ကတည်းက ထောင်အပြင်ဘက်တွင် ဆေးရုံတက်နေသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆာင် ဦးမြအေးက ၎င်း၏အနာ အရှင်းပျောက်ကင်းသည်အထိ ပြင်ပတွင် ကုသမှုခံယူလိုကြောင်း ပြောသည်ဟု ရှေ့နေဖြစ်သူထံမှ သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းကတည်းက ဦးမြအေးကို စစ်တပ်က ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး လွန်ခဲ့သည့် ၇ နှစ်က အီးမေးလ်တစ်စောင်ကို အကြောင်းပြုကာ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူတစ်စုကိုဖြစ်စေ အထင်အမြင်လွဲမှားအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ – ဂ ဖြင့် အမှုဖွင့်တရားစွဲဆိုထားသဖြင့် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ အမှုရင်ဆိုင်နေရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/BkkF0LzRmaU]

Show More

Related Articles

Back to top button