နေပြည်တော်နှင့် သိပ်မဝေးသည့်နေရာတွင်ရှိပြီး စစ်ရေးအရ အချက်အချာကျသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီက စစ်ဆင်ရေးတစ်ရပ်ပုံစံဖြင့် အင်အားသုံးဖိနှိပ်နေသည်ဟု PDF ခေါ် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ညပိုင်းတွင် ဖယ်ခုံမြို့ပေါ်ရှိ ခြေမြန်တပ်ရင်း ၃၃၆ ကို ဖယ်ခုံ PDF က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ လက်နက်ကိုင်ရဲမေ (စစ်သားဇနီး) ၃ ဦး အပါအဝင် ၅ ဦး သေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့သည်။ ထိုနေ့မှစ၍ ဖယ်ခုံမြို့နယ်တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေကြောင်း၊ စစ်တပ်က အရပ်သားပစ်မှတ်များကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဖယ်ခုံမြို့ပေါ်တွင်လည်း စစ်အင်အားဖြည့်တင်းနေသည်ဟု PDF များနှင့် ဒေသခံတချို့က ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/K9aLgbF3aP4]