
စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ၃ လကျော်စာ အခြေခံပညာသင်ရိုးညွှန်းတမ်း ပြင်ဆင်ရေးဆွဲပြီး စာမေးပွဲအမြန်လုပ်ရန် ကျောင်းများပြန်ဖွင့်နေပေမယ့် အောင်မြင်မှာမဟုတ်ကြောင်း CDM ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားမိဘများက ဝေဖန်ကြသည်။
ကိုဗစ်နိုင်တင်းတတိယလှိုင်းကြောင့် ဇူလိုင် ၉ ရက်နေ့က ပိတ်ခဲ့သည့်အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့တွင် စစ်ကောင်စီက ပြန်ဖွင့်လိုက်ပြီး ကျောင်းတက်သူနည်းပါးသော်လည်း စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးသတင်းစာများ၌ တိုင်းနှင့်ပြည်နယ်အသီးသီးက အခြေခံပညာကျောင်းများတွင် ကျောင်းတက်သူအများအပြားရှိကြောင်း ဝေဝေဆာဆာဖော်ပြလျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/NZRGYWfMgfo]