ရုပ်သံသတင်း

NLD ရုံးများ တိုက်ခိုက်ခံရမှု အကြိမ် ၅၀ကျော် ရှိလာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ၏ မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပါတီရုံးများ၊ ပါတီဝင်များ၊ ထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထားဖိနှိပ်နေသည် ။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံတစ်ဝန်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးများ မကြာခဏတိုက်ခိုက်ခံရပြီး စုစုပေါင်း အကြိမ် ၅၀ ကျော်ရှိသည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းများရှိ NLD ပါတီရုံးများ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး မန္တလေးတိုင်း၌ ၁၈ ကြိမ်အထိ တိုက်ခိုက်ခံရကာ အများဆုံးဖြစ်ကြောင်း ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ဦးကျော်ထွေးက Myanmar Now ကို ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/hdpRmkbgJSc]

Show More

Related Articles

Back to top button