
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာတွင် လွန်ခဲ့သည့်သုံးရက်က စစ်ကောင်စီဖမ်းသွားသည့် အသက် ၂၁ နှစ်အရွယ် ကိုအောင်နိုင်ဦးသည် ဝဲဘက်ရင်အုံ သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးနေသည်ကို ယနေ့ (အောက်တိုဘာ ၃၁) နံနက်ပိုင်းတွင် ဒေသခံများက တွေ့ရှိခဲ့သည်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်သည် စစ်ကောင်စီတပ်များ၏ ဖိနှိပ်မှုကို ဆိုးရွားာစွာခံနေရသည့် မြို့များထဲက တစ်မြို့ဖြစ်ပြီး အောက်တိုဘာလအတွင်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးရသူ အပစ်မဲ့ပြည်သူစုစုပေါင်း ၁၄ဦး ရှိနေပြီဖြစ်ပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/no3V4-b7hk4]