အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာ ရဲကင်းစခန်းကို ဒေသခံတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ နဂါးပေါက်ကျေးရွာ ရဲကင်းစခန်းကို အောက်တိုဘာလ ၂၉ ရက် နေ့ခင်း ၁၂ နာရီခန့်က မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးအဖွဲ့ CDSOM၊ MYAUNG WOMEN WARRIORSအဖွဲ့၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့နှင့် အခြားပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းကြေညာခဲ့သည်။

ဤကင်းစခန်းသည် အာဏာသိမ်းမှု ဖြစ်စဉ်ပြီးကတည်းက ရဲတပ်ဖွဲ့ဝင်များအမြဲတမ်းနေထိုင်ခြင်းမရှိသော်လည်း စစ်ဆင်ရေးများလုပ်သည့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချပြီး နယ်မြေရှင်းလင်းရေးလုပ်သဖြင့် တိုက်ခိုက်ရကြောင်း CDSOM အဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

[youtube https://youtu.be/2VGBrFWMMpY]

Related Articles

Back to top button