
အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM)၏ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးသည် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ကူညီထောက်ပံ့မှု၊ ဝန်ထမ်းများကို အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ရန် တွန်းအားပေးလှုံ့ဆော်မှု၊ အလုပ်သမားများနှင့်အတူ လမ်းပေါ်ထွက် ဆန္ဒပြမှုများကြောင့် ဧပြီလ ၁၅ ရက်နေ့တွင် မတရားဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလ ၂၁ ရက်တွင် အင်းစိန်ထောင်မှ ပြန်လွတ်လာခဲ့ပါသည်။
ဒေါ်မျိုးမျိုးအေးသည် အင်းစိန်ထောင်အတွင်း ၆ လကျော် အမှုရင်ဆိုင်ခဲ့ရပြီး ထောင်တွင်းနေထိုင်စဉ် ထောင်အာဏာပိုင်များက ၄၅ ရက် တိုက်ပိတ် မတရားပြစ်ဒဏ်ပေးခြင်းခံခဲ့ရပါသည်။ အမျိုးသမီးတစ်ယောက်၏ ထောင်အတွင်း ဖြတ်သန်းမှုများ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းခံရမှုများကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ စသည့် သူမ၏ အတွေ့အကြုံများကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/TLv0t-WPd5Q]