
မန္တလေးမြို့ သိပ္ပံလမ်းပေါ်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးရှေ့တွင် အောက်တိုဘာလ ၂၇ ရက်နေ့ ယနေ့နံနက်ပိုင်း ၁၁နာရီခန့်က ဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူလေးဦးဒဏ်ရာရရှိခဲ့ကာ ဆိုင်ကယ်ဆယ်စီးကျော် မီးလောင်ပျက်စီးခဲ့ပါသည်။
ဤတိုက်ခိုက်မှုကို Special Attack Force( Upper Burma) က တိုက်ခိုက်ကြောင်း ကြေညာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ မြို့ပြပြောက်ကျားအဖွဲ့များသည် ပြည်သူများကို စစ်ကောင်စီယန္တရားနှင့် သက်ဆိုင်သည့် အုပ်ချုပ်ရေးမှူးရုံးများ၊ အခွန်ရုံးများနှင့် ဝေးရာတွင် သွားလာနေထိုင်ကြရန် အကြိမ်ကြိမ်ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/Fv2slct0xac]