
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ဗအိုးကျေးရွာနှင့် အင်းပက်ကျေးရွာများကို အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းပြီး အရပ်သားလေးယောက်ကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံမျက်မြင် သက်သေများက ဆိုသည်။
စစ်သားနှင့် အရပ်ဝတ်လက်နက်ကိုင်များသည် ဗအိုးကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယနေ့ထိတပ်စွဲထားသဖြင့် ထွက်ပြေးသွားသည့် ဒေသခံများ ရွာထဲပြန်မဝင်ရဲကြသေးသလို ရုပ်အလောင်းများကိုလည်း မကောက်ရဲကြသေးကြောင်း ဒေသခံများက ပြောသည်။
[youtube https://youtu.be/VXkXy7ZFK80]